|
ဖခင်လို အဆိုတော်ဖြစ်ဖို့ စိတ်မကူးရဲသေးတဲ့ သရုပ်ဆောင် မိုးအောင်ရင်
|
|
|
|
|
|
လူမိုက်ကာရိုက်တာမျိုးကို အဆန်းတခုအနေနဲ့ လုပ်ကြည်ချင်တယ်လို့ ပြောလာသူ မိုးအောင်ရင်နဲ့ တွေ့ဆုံ
မေးမြန်းဖြစ်ခဲ့ပါတယ်။
သမီးရှင်ကားမှာ ဒွေးနေရာက သရုပ်ဆောင်ခဲ့တာနော်။ မိုးအောင်ရင်ရဲ့ ကြိုးစားမူက ဘယ်လိုရှိခဲ့လဲ၊
ဘယ်လိုလေ့လာလဲ။
ကျွန်တော် ကိုဒွေးကားကို ပြန်ကြည့်တယ်။ အဲဒီလောက်ထိ သရုပ်ဆောင်နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် မယူဆမိပါ
ဘူး။ ရိုက်တော့လည်း စိတ်ကိုလျှော့ပြီးရိုက်ရတာပဲ။ ဒါပေမဲ့ ကြောက်စိတ်က အရမ်းများနေတယ်။ အဲဒီအခါမှာ ပြန်
တွေးလိုက်တယ်။ အဆိုတော်တွေဆိုရင်လည်း အရင်နာမည်ကြီး အဆိုတော်တွေရဲ့သီချင်းကို ပြန်ဆိုပေမယ့်သူတို့
အတိုင်း ပြန်မဆိုဘူး။ ကျွန်တော်လည်း အဲဒီလိုပဲ ဒီဘက်မှာ သူပုံစံအတိုင်းမလုပ်တော့ဘူး။ကိုယ့်ပုံစံအတိုင်းပဲကိုယ်
လုပ်လိုက်တယ်။ လေ့လာမှုကတော့ သူရဲ့ခံစားမှုတွေနဲ့ ဇာတ်ရှိန်ကို ဘယ်လိုထိန်းသွားလဲ၊ အဲဒါကို မူတည်ပြီး သူ
ဘယ်လိုလုပ်လဲဆိုတာကို ကျွန်တော်လေ့လာတယ်။
ကားကြီးထပ်ရိုက်ဖို့ ရှိသေးတယ်နော်။
ချောင်းသာမှာ ၁၅ရက်နေ့သွားရိုက်ဖို့ရှိတယ်။ ' အလန်းဇယား' တဲ့ ကားကြီးပဲ။ မိုးဟေကို၊ မယ်လိုဒီ၊ သင်ဇာဝင့်
ကျော်၊ နန်းဆုရတီစိုးနဲ့ ကိုသူထူးစံတို့ ပါတယ်။
ဖြတ်သန်းခဲ့ရတဲ့ အနုပညာလမ်းကြောင်းတစ်လျှောက်မှာ စိတ်ကိုဘယ်လို ထားခဲ့လဲ။
ကျွန်တော် စိတ်ကိုငြိမ်ငြိမ်ထားရပါတယ်။ စိတ်ကိုလျှော့ရတယ်၊ စိတ်ရှည်ရတယ်။ ကျွန်တော် အရမ်း စိတ်လှုပ်ရှား
တတ်တယ်။ စိတ်ကိုမနိုင်ရင် အရမ်းရင်တုန်တတ်တယ်။ ညဘက်တွေဆိုရင် အိပ်မပျော်တတ်ဘူး။ အဲဒါတွေကိုအခု
အချိန်မှာ ကျွန်တော်အတတ်နိုင်ဆုံး အများကြီးထိန်းရပါတယ်။
ဦးအောင်ရင်လိုမျိုး အဆိုတော်တစ်ယောက်ဖြစ်ဖို့ရော စိတ်ကူးဖူးလား။
ကျွန်တော်အဲဒီလို စိတ်မကူးရဲသေးဘူး။ ကျွန်တော်ကြောက်တယ်။ ငါဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ စိတ်ထား သော်ငြား
လည်း ဖြစ်နိုင်မဖြစ်နိုင်ဘူးဆိုတာကို နည်းနည်းတော့ ကြောက်တယ်။ ကျွန်တော်ဆိုတဲ့ လိုင်းကိုလည်း ပရိသတ်
လက်ခံလို့ ရချင်မှရမှာလေ။ အဲဒါကြောင့်လည်းပါတယ်။(၂၀၀၉ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ထုတ် ပေါ်ပြူလာ ဂျာ
နယ်)
|
|