Latest News
Search:      
သီချင်းဟောင်းလေးတွေနဲ့ ချမ်းချမ်းရဲ့တစ်ကိုယ်တော်

    
အရာရာကို မျှော်လင့်ချက်မထားတတ်ဘဲ ဖြစ်လာတဲ့ အခြေအနေပေါ် မူတည်ပြီး စိတ်ကို နှစ်ထားတတ်တဲ့ ချမ်းချမ်းက ဝါသနာပါတဲ့ ဂီတအလုပ်ကို လုပ်ရတာ ပျော်နေပါတယ်။ အတွဲခွေ အတော်များများမှာ ပါဝင် သီဆိုတတ်တဲ့ ချမ်းချမ်းက ဒါရိုက်တာဇေပါ ဖန်တီးတဲ့ အားလုံးဖြစ်တယ် စီရီးမှာလည်း သူငယ်ချင်း ချစ်သူ သီချင်းကို ပါဝင် သီဆိုခဲ့ပါသေးတယ်။ R&B ပုံစံတီးလုံး မြူးမြူးလေးတွေ ခံစားရမယ့် ဒီသီချင်းကို ချမ်းချမ်း ကိုယ်တိုင် ရေးထားတာပါ။ ရော့ခ်သီချင်းလေးတွေ ဆိုချင်နေတဲ့ ချမ်းချမ်းက အခုတစ်လောမှာ သူ့ရဲ့ တစ်ကိုယ်တော်အတွက် ပြင်ဆင်နေပါတယ်။ ချမ်းချမ်းရဲ့ တစ်ကိုယ်တော်ခွေမှာ သီချင်း အမျိုးအစား အစုံပါဝင်မှာ ဖြစ်ပြီး သီချင်းဟောင်းလေးများလည်း ပါဝင်မှာ ဖြစ်ပါတယ်။ Lခွန်းရီ၊ ထွန်းအိန္ဒြာဗို၊ ကဗျာဘွဲ့မှူးတို့ရဲ့ ပရိသတ်ကြို့က်ခဲ့တဲ့ သီချင်းကောင်းလေးတွေ ပါမယ့် ချမ်းချမ်းရဲ့ တစ်ကိုယ်တော်အတွက် တေးရေး မေသော် တစ်ယောက်တည်း ရေးပေးထားတာပါ။ တစ်ကိုယ်တော်ခွေအတွက် သီချင်းများကို Iron Cross တီးဝိုင်းနဲ့ တီးထားတာဖြစ်ပြီး PTL စတူဒီယိုမှာ သွင်းထားတာ ဖြစ်ပါတယ်။ ၂၀၀၉ ဒီဇင်ဘာနဲ့ ၂၀၁၀ နှစ်ဆန်းပိုင်းမှာ ထွက်နိုင်အောင် ချမ်းချမ်းက တစ်ကိုယ်တော်ခွေအတွက် အားစိုက် ကြိုးစားနေပါတယ်။ တစ်ကိုယ်တော် စီးရီး မထွက်ခင်မှာပဲ စီးရီးထဲက သီချင်းအချို့ကိုလည်း MRTV-4 အစီအစဉ်က မိတ်ဆက်အနေနဲ့ ရိုက်ကူးဦးမှာ ဖြစ်ပါတယ်။ တစ်ကိုယ်တော် စီးရီးဆိုတာ ဂီတ အဆိုတော်တွေအတွက် ဘဝမှတ်တိုင် ပါပဲဆိုတဲ့ ချမ်းချမ်းက “ပရိသတ်အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ လူကြီးရော လူငယ်ပါ ကြိုက်နှစ်သက်မှာပါ။ မေမေတို့ ခေတ်က ပေါက်ခဲ့တဲ့ အဆိုတော်တွေရဲ့ သီချင်းတွေကိုလည်း အခုခေတ်လူငယ်တွေ ကြိုက်အောင် လုပ်ထားပါတယ်” လို့ဆိုပြီး တစ်ကိုယ်တော် ခွေထွက်ရင်လည်း ပရိသတ်ကြီးအနေနဲ့ ဝေဖန်ပေးပါလို့လည်း ပြောပြခဲ့ပါတယ်။ (၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ထုတ် အလင်းတန်းဂျာနယ်)


အနုပညာသတင်း
RSS Help





Skip Navigation Links
အဖွင့်စာမျက်နှာ
| သတင်းနှင့်လှုပ်ရှားမှု
| သုတ
| ယဉ်ကျေးမှု
| ပညာရေး
| နည်းပညာ
| အားကစား
| အနုပညာ
| စာအုပ်စင်
| စတိုင်လ်
Skip Navigation Links
ကျန်းမာရေးနှင့်အလှအပ
| အလုပ်ရှာရန်
| အခမဲ့
| မိုးလေ၀သ
| ဗေဒင်
| အခမဲ့အကျိုးဆောင်ကဏ္ဍ
| တွေ့ဆုံကဏ္ဍ
Skip Navigation Links
အင်တာနက်လမ်းညွှန်
| font ရယူရန်
| ဓါတ်ပုံကဏ္ဍ
| စကားပြောခန်း
| ဘလော့ဂ်
| သင့်အဖွင့်စာမျက်နှာ
Copyright © 2008 Khit Lu Nge
All Right Reserved