မူလသို့ အိုင်တီ ဘာသာစကား School Directory Advice
Search:
မြန်မာ ကျောင်းသားများ စင်ကာပူနိုင်ငံတွင် ဘဏ် ချေးငွေဖြင့် ကျောင်းတက်နိုင်ရန် OSEC စီစဉ်ပေးနေ

               တက္ကသိုလ်ဝင်တန်းအောင်အဆင့်မှစ၍ စင်ကာပူနိုင်ငံတွင် ကျောင်းတက်ရောက်နိုင်ရန်
အခွင့်အရေးများ နှင့်ပတ်သက်သည့် ရှင်းလင်းပွဲကို ဇူလိုင်၆ရက်မွန်းလွဲ   ၂ နာရီကရန်ကုန်မြို့ ကုန်
သည်ကြီးများဟိုတယ် တတိယထပ်ရှိ ကုန်းဘောင်-တကောင်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
စင်ကာပူနိုင်ငံအခြေစိုက် Baightway Group Pte., Ltd.သည်မြန်မာကျောင်းသားများကိုသာမက
အခြားနိုင်ငံမှကျောင်းသားများကို ပါ ဝန်ဆောင်မှုပေးလျက်ရှိရာထိုသို့ဝန်ဆောင်မှုပေးရာ၌ရန်ကုန်
မြို့အခြေစိုက်One Stop Education Centre မှတစ်ဆင့်မြန်မာကျောင်းသားများလျှောက်ထားနိုင်
ကြောင်းသိရသည်။ “စင်ကာပူနိုင်ငံမှာ ကျောင်းတက်မယ့်  မြန်မာ ကျောင်းသားတွေအနေနဲ့ ဘဏ်
နှစ်ခုကနေဘဏ်ချေးငွေရရှိနိုင်အောင် ဆောင်ရွက်လို့ရပါတယ်။ ဒီလိုလျှောက်ထားရာမှာစင်ကာပူ
နိုင်ငံသားဒါမှမဟုတ် အဲဒီ့နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်(PR)ရရှိထားသူတစ်ဦးဦးကအာမခံပေးရမှာ
ဖြစ်ပြီး ငွေချေးကာလကို ကိုးနှစ်အထိယူလို့ရပါတယ်။ ချေးငွေပြန်ဆပ်ရာမှာလည်း စနစ်နှစ်မျိုးရှိပြီး
မိမိကြိုက်တဲ့စနစ်နဲ့ ပြန်ဆပ်လို့ရ ပါတယ်”ဟု One Stop Education Centreမှတာဝန်ရှိသူတစ်ဦး
ကရှင်းလင်းပြောကြားသည်။ ထိုသို့လျှောက်ထားရာတွင် အနည်းဆုံးတက္ကသိုလ်ဝင်တန်းအောင်ရ
မည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဒုတိယနှစ်အောင်မြင်ထားပါက ပို၍ကောင်းမွန်ကြောင်းအသေးစိတ
်သိရှိလိုသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် One Stop Education Centre အမှတ် ၄၄
-၄၆၊ ပထမထပ်၊ ကိုင်းတန်းလမ်းသို့ ကိုယ်တိုင်လာရောက်မေးမြန်း ဆက်သွယ်နိုင်ကြောင်း ၂၀၀၈
ခုနှစ်ဇူလိုင်လ ၂၀ရက်နေ့ထုတ် 24/7 News ဂျာနယ်တွင်ဖော်ပြထားပါသည်။

Useful Link

Skip Navigation Links
အဖွင့်စာမျက်နှာ
| သတင်းနှင့်လှုပ်ရှားမှု
| သုတ
| ယဉ်ကျေးမှု
| ပညာရေး
| နည်းပညာ
| အားကစား
| အနုပညာ
| စာအုပ်စင်
| စတိုင်လ်
Skip Navigation Links
ကျန်းမာရေးနှင့်အလှအပ
| အလုပ်ရှာရန်
| အခမဲ့
| မိုးလေ၀သ
| ဗေဒင်
| အခမဲ့အကျိုးဆောင်ကဏ္ဍ
| တွေ့ဆုံကဏ္ဍ
Skip Navigation Links
အင်တာနက်လမ်းညွှန်
| font ရယူရန်
| ဓါတ်ပုံကဏ္ဍ
| စကားပြောခန်း
| ဘလော့ဂ်
| သင့်အဖွင့်စာမျက်နှာ
Copyright © 2008 Khit Lu Nge
All Right Reserved