|
|
|
|
ရတနာပုံအသင်း၏ ချစ်စနိုး အမည်အား ထိုးမုန့်ဟုမှည့်
|
|
|
|
|
|
|
|
|
|
|
|
နှစ်နှစ်ဆက်တိုက် မြန်မာနေရှင်နယ်လိဂ်၏ချန်ပီယံဘွဲ့ကိုရယူထားနိုင်သည့် ရတနာပုံ
အက်ဖ်စီအသင်းအားပရိသတ်များ ချစ်စနိုးခေါ်ဆိုနိုင်ရန်အတွက် အသင်း၏ အမည်ပြောင်း
အား Boxing Cake (ထိုးမုန့်)ဟူသည့်အမည်ဖြင့်အသုံးပြုရန် အသင်းပိုင်ရှင်ဒေါက်တာစိုင်း
ဆမ်ထွန်းက အသိအမှတ်ပြုလိုက်ကြောင်း သိရသည်။ ရတနာပုံ အက်ဖ်စီ ပရိသတ်များဖွဲ့
စည်းတည်ဆောက်ထားသည့် www.yandanarbonfans.com ဝက်ဘ်ဆိုက်တွင် အဆိုပါ Nick
Name ရွေးချယ်ရန်အတွက် Member များမှ အမည် ၅ခုအားရွေးချယ်မဲပေးရပြီး အများစု
ရွေးချယ်သည့် အဆိုပါအမည် ပြောင်အား ဒေါက်တာစိုင်းမှ အသိအမှတ်ပြုလိုက်ခြင်း ဖြစ်
ကြောင်း အဆိုပါဆိုက်တွင်သတင်းဖော်ပြထားသည်။ “ကျွန်တော်တို့ကတော့ ဒီနာမည်ကို
ကြိုက်တယ်။ထိုးမုန့်ဆိုတာနဲ့မန္တလေးကိုတန်းမြင်သလို၊အခုလည်း Boxing Cake ဆိုတာ
နဲ့ရတနာပုံကို မန္တလေးရဲ့ပြယုဂ်အဖြစ် အားလုံးကြိုက်တဲ့အရာအဖြစ်ခိုင်းနှိုင်းထားတာပေါ့”
ဟုမန္တလေးမြို့ခံ ရတနာပုံပရိသတ်တစ်ဦးကပြောကြားသည်။ နိုင်ငံတကာတွင်လည်းယင်း
သို့ပရိသတ်အလိုက် ချစ်စနိုးခေါ်ဝေါ်ကြသည့် နာမည်များ အသင်းအသီးသီးတွင် ရှိကြပြီး
မြန်မာနေရှင်နယ်လိဂ် တွင်မူရတနာပုံအက်ဖ်စီသည် ပထမဦးဆုံးသော Nick Name ရရှိ
သည့် အသင်းဖြစ်လာကြောင်း ယင်းဝက်ဘ်ဆိုက်တွင်ရေးသားဖော်ပြထားသည်။ယင်းအ
မည်ပေးရခြင်းမှာ မန္တလေးဒေသထွက် စားဖွယ်ဖြစ်သည့်ထိုးမုန့်သည်မြန်မာပြည်တွင်သာ
မကနိုင်ငံတကာတွင်ပါသိရှိထားပြီးဖြစ်သည့်အတွက်ရွေးချယ်အမည်မှည့်ခြင်းဖြစ်ကြောင်း
၂၀၁၀ခုနှစ်ဖေဖော်ဝါရီ ၄ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။
|
|
|
|
|
More News |
|