အားကစားသတင်း
 RSS Help
Search:  





 

အထက်နှင့်အောက် မြန်မာပြည် တက္ကသိုလ် လက်ရွေးစင် ဘောလုံးအသင်းများ ချစ်ကြည်ရေး ပြိုင်ပွဲ ကျင်းပမည်
     အောက်မြန်မာပြည်တက္ကသိုလ်လက်ရွေးစင်ဘောလုံးအသင်းများနှင့်အထက်မြန်မာပြည်တက္ကသိုလ်

လက်ရွေးစင်ဘောလုံး အသင်းများ၏ချစ်ကြည်ရေး ခြေစမ်းပွဲများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင်

တစ်ပြိုင်နက်ပြုလုပ်သွာမည်ဟု သတင်းရရှိသည်။ ၎င်းပြိုင်ပွဲများကိုဖေဖော်ဝါရီ ၁၅ရက်မှ စတင်ကာ ရန်

ကုန်မြို့၊ သုဝဏ္ဏ အားကစားကွင်းနှင့် မန္တလေးမြို့၊ ဗထူး အားကစားကွင်းတို့တွင် ကျင်းပသွားမည် ဖြစ်

ကြောင်းသိရသည်။ ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်းတွင်အောက်မြန်မာပြည်တက္ကသိုလ်လက်ရွေးစင်

(ကျား) နှစ်သင်းနှင့်အထက်မြန်မာပြည်တက္ကသိုလ်လက်ရွေးစင်(ကျား)နှစ်သင်းတို့ပတ်လည်အမှတ်ပေး

စနစ်ဖြင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး၊ အမှတ်အများဆုံးနှစ်သင်းသည်ဖေဖော်ဝါရီ ၂၅ ရက်တွင် ဗိုလ်လုပွဲ

ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အောက်မြန်မာပြည်တက္ကသိုလ်လက်ရွေးစင်(မ) နှစ်သင်းနှင့်အထက်မြန်

မာပြည် တက္ကသိုလ်လက်ရွေးစင်(မ) နှစ်သင်းတို့သည်လည်း မန္တလေးမြို့၊ ဗထူးအားကစားကွင်းတွင်

ပတ်လည်အမှတ်ပေးစနစ်ဖြင့် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး၊ အမှတ်အများဆုံးနှစ်သင်းသည်ဖေဖော်ဝါ

ရီ ၂၄ရက်တွင်ဗိုလ်လုပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အဆိုပါနောက်ဆုံးဗိုလ်လုပွဲစဉ်များကို မြန်မာ့ရုပ်

မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး ၎င်းပြိုင်ပွဲများမှ မြန်မာနိုင်ငံ၊ ပညာရေးဝန်ကြီး

ဌာန တက္ကသိုလ်များလက်ရွေးစင်ဘောလုံးအသင်း(ကျား၊ မ)ကိုရွေးချယ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း

၂၀၁၀ခုနှစ် ဖေဖော်ဝါရီ ၄ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။
More News   

Skip Navigation Links
အဖွင့်စာမျက်နှာ
| သတင်းနှင့်လှုပ်ရှားမှု
| သုတ
| ယဉ်ကျေးမှု
| ပညာရေး
| နည်းပညာ
| အားကစား
| အနုပညာ
| စာအုပ်စင်
| စတိုင်လ်
Skip Navigation Links
ကျန်းမာရေးနှင့်အလှအပ
| အလုပ်ရှာရန်
| အခမဲ့
| မိုးလေ၀သ
| ဗေဒင်
| အခမဲ့အကျိုးဆောင်ကဏ္ဍ
| တွေ့ဆုံကဏ္ဍ
Skip Navigation Links
အင်တာနက်လမ်းညွှန်
| font ရယူရန်
| ဓါတ်ပုံကဏ္ဍ
| စကားပြောခန်း
| ဘလော့ဂ်
| သင့်အဖွင့်စာမျက်နှာ
Copyright © 2008 Khit Lu Nge
All Right Reserved