u Nargis


လေဘေးသင့် ဒေသများ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများတွင် ကူညီ ဆောင်ရွက်ကြမည့် ပြည်နယ်၊ တိုင်းများမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင် များအား တွေ့ဆုံပွဲ

     အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီဥက္ကဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ဇွန်လ၉ရက်ညနေ၃နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ ပြည် ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးအသင်း ဌာနချုပ်ရုံး ခန်းမဆောင်၌ ဧရာဝတီတိုင်းလေဘေးသင့်ဒေသများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက် ကြမည့်ပြည်နယ်၊တိုင်းများမှပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းဝင်များအားတွေ့ဆုံမှာ ကြားသည်။ အခမ်းအနားတွင် အမျိုးသား သဘာဝ ဘေးကာကွယ် စောင့်ရှောက်ရေးဗဟိုကော်မတီ ဥက္ကဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကြီးသည် ပြည်သူ့အကျိုးစီးပွားကိုသယ်ပိုးရန်၊ ပြည်သူလူထု အကျိုးကို ကာကွယ်စောင့်ရှောက်ရန် ဟူသည့် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်း တည်ဆောက်ထားသည့်အသင်း ကြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ သဘာဝဘေးဒဏ်ကြုံတွေ့နေရချိန်တွင် နိုင်ငံတော်အစိုးရ၊ ပြည်သူ၊ တပ်မ တော်တို့နှင့်အတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်းဝင်များသည် ပြည်သူများ၏ အခက်အခဲ များကို လက်တွဲကူညီဖြေရှင်း ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်းဝင်များ သွားရောက်ရမည့် ဧရာဝတီတိုင်းဒေသများသည် ပင်လယ်ကမ်းခြေဒေသများ ဖြစ်၍သွား လာရေးမှအစအခက်အခဲကြုံတွေ့နိုင်ကြောင်း၊ ယင်းဒေသများသို့သွားရောက်ကြမည့် အသင်းဝင်များအ နေဖြင့် သူ့အလုပ်ကိုယ့်အလုပ်မခွဲခြားဘဲဒေသခံပြည်သူများ၏ နေရေး၊ စားရေး ၊ကျန်းမာရေး ကိစ္စများကိုစေတနာအပြည့်ဖြင့် ကူညီ ဆောင်ရွက် သွားကြရန် မှာကြားလိုကြောင်း၊ ရပ်ရေးရွာရေးသည် အမျိုးသားရေး၏ လူမှုရေး ဆိုင်ရာအခြေခံအုတ်မြစ်ဖြစ်ရာ လူမှုရေးဆိုင်ရာရပ်ရေးရွာရေးများကိုအသင်းဝင်များအနေဖြင့် အောင်မြင်အောင် အသင်းကြီး၏လူမှုရေးဆိုင်ရာအခြေခံမူနှင့်အညီ ကြိုးပမ်းကြရမှာ ဖြစ်ကြောင်းဖြင့်မှာ ကြားခဲ့သည်ဟု၁၀.၆.၀၈ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။