အလုံ သင်္ဘောကျင်းအား ပုဂ္ဂလိကသို့ လွှဲပြောင်းပေးမည်
8/Feb/2010
|
|
|
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် အလုံသင်္ဘောကျင်းအား ပုဂ္ဂလိကသို့ လွှဲပြောင်း
ပေးအပ်တော့မည် ဖြစ်ကြောင်း သိရသည်။ ထိုပြည်တွင်း ရေကြောင်းပို့ဆောင်ရေးပိုင် အလုံ
သင်္ဘောကျင်းသည် နှစ်တစ်ရာကျော်သက်တမ်းရှိပြီး ဌာနပိုင်သင်္ဘောကျင်းခြောက်ကျင်းထဲ
တွင် အရေးပါဆုံးသင်္ဘောကျင်းတစ်ခုဖြစ်ကြောင်း သိရသည်။ “ ဒီအကြောင်းကို ကျွန်တော်
တို့လဲကြားပါတယ်။ ဒါပေမဲ့ အခုအချိန်အထိ သက်ဆိုင်ရာက ညွှန်ကြားချက် တစ်စုံတစ်ရာ
ရောက်မလာသေးပါဘူး။ အဲဒီအတွက် ကျွန်တော်တို့အနေနဲ့ ဟုတ်တယ် မဟုတ်ဘူး မပြော
တတ်ပါဘူး” ဟု ပြည်တွင်းရေကြာင်းပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ အလုံ
သင်္ဘောကျင်းသည် လက်ရှိ ဌာနပိုင်ရေယာဉ်များနှင့် ပြင်ပမှ အပ်နှံသော ပုဂ္ဂလိကသင်္ဘော
များကိုလည်း လက်ခံတည်ဆောက်ပေးလျက်ရှိကြောင်းသိရသည်။ “အလုံသင်္ဘောကျင်းက
ကျွန်တော်တို့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအတွက် အလွန်အရေးပါတဲ့သင်္ဘောကျင်း
တစ်ခုဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဌာနက ရေယာဉ်တွေ အရေးပေါ်ပြင်ဆင်မှုတွေနဲ့
ရေယာဉ် ကြံ့ခိုင်မှု စစ်ဆေးတဲ့အခါတွေမှာ အလုံသင်္ဘောကျင်းက လမ်းပန်းဆက်သွယ်ရေး
ကောင်းမွန်တဲ့အတွက် ဒီကျင်းကိုပဲ အားကိုးနေရတာ ဖြစ်ပါတယ်” ဟု ယင်းကပြောသည်။
အဆိုပါ အလုံသင်္ဘောကျင်းသည် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင်သင်္ဘောကျင်းများ
ထဲတွင် ဒုတိယမြောက် အကြီးဆုံးသင်္ဘောကျင်းဖြစ်ကြောင်း ၂၀၁၀ခုနှစ် ဖေဖော်ဝါရီလ ၉
ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
|
|