အရှေ့တောင်အာရှ သီးနှံဈေးကွက် ညီလာခံသို့ မြန်မာလုပ်ငန်းရှင်များ တက်ရောက်ရန် ဖိတ်ကြားခံရ
8/Feb/2010
|
|
|
စင်ကာပူနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှသီးနှံဈေးကွက်ညီလာခံသို့ မြန်မာ
လုပ်ငန်းရှင်များ တက်ရောက်ရန် ဖိတ်ကြားခံရကြောင်း သိရသည်။ အဆိုပါသီးနှံဈေးကွက်
ညီလာခံကို ဖေဖော်ဝါရီ ၁၇ရက်မှ ၂၀ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ရုရှားနိုင်ငံ၏ သီးနှံ
ထုတ်လုပ်မှုနှင့် တင်ပို့ ရောင်းချမှု ယန္တရားစနစ်၊ သီးနှံ အရည်အသွေး ထိန်းသိမ်းရေး စီစဉ်
ဆောင်ရွက်မှု၊ ဂျုံမှုန့်ထုတ်လုပ်ရေးတွင် ထူးခြားချက်များနှင့် စိုက်ပျိုးရေးအခြေခံစက်မှုလုပ်
ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်နေမှုများ စသည့်အကြောင်းအရာများကိုဆွေးနွေး
ကြမည်ဖြစ်ကြောင်း ၂၀၁၀ခုနှစ်ဖေဖော်ဝါရီလ ၉ရက်နေ့ထုတ် Flower News ဂျာနယ်တွင်
ဖော်ပြထားပါသည်။
|
|