မြန်မာ့ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲ ဓာတ်ပုံနှင့်သတင်းများ ၀က်ဘ်ဆိုက်တွင် ကြည့်နိုင်ပြီ
8/Feb/2010
|
|
|
ရုပ်ရှင် ၀ါသနာရှင်များအတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုပေးပွဲနှင့် ပတ်သက်သည့် သ
တင်းဓာတ်ပုံများနှင့် အချက်အလက်များအား အကယ်ဒမီဝက်ဘ်ဆိုက်အသစ်တွင်စတင်ကြည့်
ရှုနိုင်ပြီဖြစ်ကြောင်း သိရသည်။ မြန်မာ့ရုပ်ရှင် အကယ်ဒမီဝက်ဘ်ဆိုက်မှာ http://academy.
myanmar cgiaward.com ဖြစ်ပြီး ဤ၀က်ဘ်ဆိုက်ကို ယခုနှစ်တွင်ပထမဆုံးလွှင့်တင်ခြင်းဖြစ်
ကာ ဇန်န၀ါရီ ၂၅ ရက်မှစ၍ လွှင့်တင်ထားကြောင်း သိရသည်။ ယင်းကို Time to Time ဂျာ
နယ်နှင့် MCGIA တို့က တာဝန်ယူတည်ဆောက် လွှင့်တင်ထားခြင်းဖြစ်သည်။ယခုနှစ်အကယ်
ဒမီဆုရွေးချယ်ပွဲတွင် ပါဝင်သော ရုပ်ရှင်ဇာတ်ကားဆယ်ကား၏ ဗီဒီယိုနမူနာများ၊ရုပ်ရှင်များ၏
ဇာတ်လမ်းအကျဉ်း၊ ဓာတ်ပုံများ၊မြန်မာ့ရုပ်ရှင်အကယ်ဒမီသမိုင်းကြောင်း၊အကယ်ဒမီဆုစတင်
ပေးအပ်ခဲ့သော ၁၉၅၂ခုနှစ်မှ ၂၀၀၇ခုနှစ်အထိ ဆုရစာရင်း၊အကယ်ဒမီတစ်ပေးအနုပညာရှင်
များနှင့် အင်တာဗျူးစသည့် ကဏ္ဍများစွာပါဝင်သည်။ “ ကျွန်တော်တို့ရဲ့ ဒီဆိုက်မှာ ပရိသတ်
တွေအတွက် ထူးခြားတဲ့ကဏ္ဍလေးတွေ ပါဝင်ပါတယ်။ ကိုယ်နှစ်သက်တဲ့ မင်းသား၊ မင်းသမီး
တွေဆီကို မွေးနေ့ဆုတောင်းတို့ စာတိုပေစတွေ ပို့ပေးနိုင်ပါတယ်။ ကိုယ့်ရဲ့အီးမေးလ်လိပ်စာ
လဲ သူတို့ဆီပို့ပေးနိုင်ပြီး သူတို့က ကိုယ့်ဆီ ပြန်ဆက်သွယ်နိုင်မယ့် ကဏ္ဍတွေ ပါဝင်ပါတယ်။
ဒီဝက်ဘ်ဆိုက်ဝင်ကြည့်ရင်း ဝေဖန်အကြံပြုနိုင်သလို ရုပ်ရှင်နဲ့ စာတစ်ကြောင်းကအစသိတာ
တွေရှိရင် လှမ်းပြီး ပို့ပေးနိုင်ပါတယ်” ဟု စာနယ်ဇင် ရှင်လင်းပွဲတွင် MCGIA မှ ဦးအောင်
ကျော်ဟိန်းကပြောကြားခဲ့ကြောင်း ၂၀၁၀ခုနှစ်ဖေဖော်ဝါရီလ ၉ရက်နေ့ထုတ် Flower News
ဂျာနယ်တွင် ဖော်ပြထားပါသည်။
|
|