ပြည်ပပို့ကုန်ရငွေ (Export Earning) ကိုဘဏ်စာရင်းလွှဲပြောင်းခြင်း (Account Transfer)
အားတစ်ကြိမ်သာခွင့်ပြုထားရာမှ အကြိမ်ရေ အကန့်အသတ်မရှိ လွှဲပြောင်းခွင့်ပြုပါက စီးပွားရေး
လုပ်ငန်းများအတွက် များစွာအဆင်ပြေမည်ဖြစ်ကြောင်း လက်တွေ့စီးပွားရေး လုပ်ကိုင်နေသူများ
က ပြောသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနကလုပ်ငန်း၅ မျိုးမှရ
သော နိုင်ငံခြားငွေများကိုပါပို့ကုန်ရငွေအဖြစ် ၂၀၁၀ ဇန်နဝါရီ ၂၉ ရက်က စတင်သတ်မှတ်ပေးခဲ့
သည်။ ခရီးသွားလုပ်ငန်းမှရငွေ၊အိမ်ခြံမြေအဆောက်အအုံနှင့် တခြားဌားရမ်းမှုမှရသောနိုင်ငံခြား
ငွေ၊ပြည်တွင်း ပြည်ပတွင်နိုင်ငံခြားငွေဖြင့်ရရှိသောလုပ်ခလစာ၊ပြည်တွင်းပြည်ပ ဝန်ဆောင်မှုလုပ်
ငန်းများမှ ရရှိသော နိုင်ငံခြားငွေ၊ ပြပွဲတွင် မဟုတ်ဘဲ ပြည်တွင်း၌ တရားဝင် ရောင်းချ ရရှိသော
ကျောက်မျက်ရတနာနှင့်လက်မှုပစ္စည်း၊ အနုပညာပစ္စည်းစသည့် ပစ္စည်းများရောင်းချရသော နိုင်
ငံခြားငွေတို့ဖြစ်သည်။ထို့ကြောင့်အဆိုပါငွေများမှာသက်ဆိုင်ရာသို့ ၁၀ရာခိုင်နှုန်းအခွန်ဆောင်ပြီး
ပါက ပို့ကုန်ရငွေဖြစ်လာမည် ဖြစ်သည်။ ဆိုင်ရာက ထိုလုပ်ငန်းများမှ ဝင်ငွေများကို ပို့ကုန် ရငွေ
သတ်မှတ်ပေးခဲ့ခြင်းကြောင့် အဆိုပါငွေများ ကုန်သွယ်မှု လုပ်ငန်းများတွင် ပိုမို အသုံးဝင်လာရန်
ဘဏ်စာရင်းလွှဲပြောင်းခြင်းကိုအကန့်အသတ်မရှိလွှဲပြောင်းခွင့်ပြုပေးရန်လိုလားခြင်းဖြစ်ကြောင်း
ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တချို့ကပြောကြောင်း ၂၀၁၀ခုနှစ်မတ်လ၁၁ရက်နေ့ထုတ် 7 Day
News ဂျာနယ်တွင်ဖော်ပြထားပါသည်။